Sunday, July 29, 2007

ဆိပ်ဖူးတောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်း

နိုင်ငံရပ်ခြားမှ စေတနာရှင် အလှူရှင်များပေးပို့လာသော အလှူငွေများကို
7Day News အယ်ဒီတာအဖွဲ့က ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ
ကင်ပွန်းစခန်းသွားရာလမ်းပေါ်ရှိ ဆိပ်ဖူးတောင်ဘုန်းတော်ကြီးသင်ပညာရေး
ကျောင်းဆရာတော်ထံ သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့သည်။

Saturday, July 28, 2007

ဖိနပ်အလှူ 7Day News ပါဝင်ကူ

ပြည်တွင်းမှ နာမည်ကျော်ဂျာနယ်လစ်နှစ်ဦးဖြစ်သော ကိုမင်းနိုင်စိုးနှင့်
ကိုစောလင်းအောင်(ဒုတိယအယ်ဒီတာချုပ်၊ The Flower News Journal)တို့
ဦးဆောင်ခဲ့သော ဖိနပ်သစ်များ လှူဒါန်းပွဲတွင် 7Day News အဖွဲ့ကလည်း
တတ်အားသရွေ့ပါဝင်လှူဒါန်းခဲ့ကြသည်။

7Day News ရဲ့အလှူ ရွှေကျီးသာကျောင်း

SPA Myanmar Family, Singapore က မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံသို့ ပေးပို့သော အလှူငွေများ လှူဒါန်း

ပညာကျော်ကလေးအတွက် 7Day News က အလှူခံပေးခဲ့

Wednesday, July 25, 2007

ပန်းတစ်ပွင့်တောင်တော်သို့

၁၃-၀၇-၀၇ သောကြာနေ့ စင်ကာပူအလှူ

7Day News အယ်ဒီတာအဖွဲ့က ၁၃-၀၇-၇ သောကြာနေ့က စင်ကာပူဆိပ်ကမ်းအာဏာပိုင်တွင် အလုပ်လုပ်နေသော မြန်မာများ PSA Myanmar Family, Singapore က ပေးပို့လှူဒါန်းတဲ့ အလှူငွေများကို ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာရှိတဲ့ ပန်းတစ်ပွင့်တောင်သာသနာပြုတောရရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ သွားလှူပေးခဲ့ပါတယ်။ ခြေခင်းလက်ခင်းသာတဲ့နေ့လေးဖြစ်ပြီး သူများကုသိုလ်ရဖို့ တစ်ဖက်တစ်လမ်းက ပါရမီဖြည့်ပေးရတာမို့ ပျော်ခဲ့ကြပါတယ်။ ကားပျက်တာကလည်း အမှတ်တရ ရှိခဲ့ပါတယ်။ အလှူရှင်တွေရဲ့ ကျေးဇူးကြောင့် ဆရာတော်ကို ဖူးရ ကုသိုလ်ရတဲ့အပြင် ဒေသန္တရဗဟုသုတလည်း ရခဲ့ကြပါတယ်။
ဓါတ်ပုံများကိုလည်း တင်ပြရပါတယ်

ကိုယ်တိုင်လည်းလှူ

7Day News သည် နိဗ္ဗာန်ဆော်နှင့် အကျိုးတော်ဆောင်သာမက ကိုယ်တိုင်ကိုယ်ကျလည်း တတ်အားသရွေ့လှူဒါန်းမှုများ ပြုခဲ့သည်။

နိဗ္ဗာန်ဆော်

7Day News ဂျာနယ်က ကူညီလုပ်ဆောင်ပေးသော အလှူအတန်း အစီအစဉ်နှင့် မှတ်တမ်းများကို တင်ပြသွားရန် ဤ Blog ကို တင်ဆက်ခြင်းဖြစ်သည်။